ကြက်တူရွေး သွားဆရာဝန်? တစ်စက္ကန့်အတွင်း သွားနှုတ်ပေးတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ရေပန်းစား
Twitter မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုဟာ ကြက်တူရွေးတွေရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်နဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။ တရုတ်နိုင်ငံ၊ Foshan မြို့က ကောင်လေးတစ်ယောက်ရဲ့ သွားကို သူ့အိမ်မွေးကြက်တူရွေးလေးက ကျွမ်းကျင်စွာ ဆွဲနှုတ်ပေးလိုက်တဲ့ မြင်ကွင်းက လူမှုကွန်ရက်အသုံးပြုသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
တကယ့် ကြက်တူရွေးသွားဆရာတန်ပါဘဲ
ဗီဒီယိုကြည့်ရန် –
ဗီဒီယိုထဲမှာ ကောင်လေးက ပါးစပ်ဟလိုက်တာနဲ့ ကြက်တူရွေးလေးက လျင်မြန်တိကျတဲ့ လှုပ်ရှားမှုနဲ့ သူ့ရဲ့နှုတ်သီးနဲ့ သွားကို ဆွဲယူလိုက်ပြီး၊ နှုတ်ပြီးသားသွားကို ဘေးနားကလူရဲ့ လက်ထဲကို ဂရုတစိုက် ထည့်ပေးလိုက်တာကို တွေ့ရပါတယ်။ ဒီလိုထူးခြားတဲ့ လုပ်ရပ်ကြောင့် ဗီဒီယိုဟာ ချက်ချင်းဆိုသလို လူပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
Discover Guangzhou ကနေ X (ယခင် Twitter) မှာ တင်ခဲ့တဲ့ ဒီဗီဒီယိုရဲ့ စာသားမှာ “ကြက်တူရွေးက သွားဆရာဝန် လုပ်လို့ရလား? မေလ ၅ ရက်နေ့က တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်က ကောင်လေးတစ်ယောက်ရဲ့ နို့သွားကို သူ့အိမ်မွေးကြက်တူရွေးက တစ်စက္ကန့်အတွင်း ဆွဲနှုတ်ပေးလိုက်ပါတယ်!” လို့ ဖော်ပြထားပါတယ်။
ဒီလိုဖြစ်ရပ်မျိုးက အရင်ကလည်း ရှိခဲ့ဖူးလား?
တကယ်တော့ ဒီလိုမျိုး ငှက်တွေနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေဟာ လုံးဝအသစ်အဆန်းတော့ မဟုတ်ပါဘူး။ တောထဲမှာဆိုရင် အီဂျစ် Plover လို ငှက်မျိုးစိတ်တွေဟာ မိကျောင်းတွေနဲ့ သွားလာဆက်ဆံရေးရှိပါတယ်။ သူတို့ဟာ မိကျောင်းတွေရဲ့ သွားကြားက အစာအကြွင်းအကျန်တွေနဲ့ ကျွတ်တွေကို သန့်ရှင်းပေးပြီး အစားအစာရရှိကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိကျောင်းသွားတွေကို ပိုးမဝင်အောင် ကာကွယ်ပေးသလို Plover တွေအတွက်လည်း အစာဖြစ်စေပါတယ်။
ဘေးကင်းရေး သတိပေးချက်
ကြက်တူရွေးတွေရဲ့ စွမ်းရည်တွေက အထင်ကြီးစရာကောင်းပေမယ့် ဘေးကင်းရေးကိုတော့ ဘယ်တော့မှ လျစ်လျူမရှုသင့်ပါဘူး။ Chicago Exotics Animal Hospital က ကျွမ်းကျင်သူတွေရဲ့ သတိပေးချက်အရ လူ့ပါးစပ်ထဲက တံတွေးမှာ ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေ ပါဝင်ပါတယ်။ ဒါကြောင့် ငှက်တွေရဲ့နှုတ်သီးကို လူ့ပါးစပ် ဒါမှမဟုတ် နှာခေါင်းနားကို လုံးဝမထားဖို့ အလေးအနက် အကြံပြုထားပါတယ်။
ဒီလိုထူးခြားတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သင်ရော ဘယ်လိုထင်မြင်ယူဆပါသလဲ?